ဦးနှောက်က တွေးမရတော့ရင် ဘာတွေ လုပ်ရမလဲ
ဒီကနေ့အတွက် ဦးနှောက်ကုန်ပါပြီလို့ ပြောရတဲ့အထိ ဦးနှောက်က တွေးမရအောင် အတွေးကြပ်နေပြီလား? လုပ်စရာတွေကလည်း ကျန်သေးတယ်။ ဦးနှောက်ကလည်း တွေ့မရတော့ဘူးဆိုရင် အဆင်ပြေစေမယ့် နည်းလမ်းလေးတွေကို မျှဝေပေးလိုက်ပါတယ်။
ဦးနှောက်က တွေးမရတော့ဘူးဆိုရင် ဒီနည်းလမ်းလေးတွေကို လုပ်ဆောင်ကြည့်လိုက်ပါ။
အိပ်ရေးဝဝလေး အိပ်လိုက်ပါ - အိပ်ရေးပျက်တာက ခေါင်းကြည်ဖို့ အခက်အခဲ ဖြစ်စေနိုင်ပါတယ်။ စိတ်ဖိစီးမှုတွေကိုလည်း ဖြစ်စေပြီး ဦးနှောက်က တွေးမရတော့တာမျိုးတွေကိုလည်း ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ဦးနှောက်က တွေးမရတော့ဘူး ဆိုရင် အိပ်ရေးဝဝ အိပ်လိုက်ပါ။
စိတ်ဝင်စားရာ တစ်ခုခုကို လုပ်ပါ - စိတ်တွေ အရမ်းပင်ပန်းပြီး ဦးနှောက်က တွေးမရတော့ဘူးဆိုရင် စိတ်ဝင်စားရာ တစ်ခုခုကို ထလုပ်လိုက်ပါ။ ဒီလို လုပ်ဆောင်လိုက်တာက စိတ်အပန်းပြေစေပြီး ဦးနှောက်ကို ပြန်လည် လန်းဆန်းသွားစေမှာပါ။
စိတ်ဖိစီးမှုကို ပြေလျော့အောင် လုပ်ပါ - စိတ်ဖိစီးမှု အရမ်းများသွားတာက ဦးနှောက်ကို တွေးရခက်သွားစေပါတယ်။ ဒီလို တွေးရခက်သွားတာကို သက်သာစေဖို့ဆိုရင် စိတ်ဖိစီးမှုကို ပြေလျော့စေနိုင်မယ့် အပင်လေးတွေ စိုက်တာ၊ လေကောင်လေသန့်ရှူတာ၊ လက်မှုလုပ်တာ၊ သီချင်းနားထောင်တာ၊ သီချင်းဆိုတာမျိုး လုပ်ပေးပါ။
ယောဂ လုပ်ပါ - ယောဂလုပ်ပါ။ ယောဂလုပ်တာက စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ဒါကြောင့် ပုံမှန်လေး ယောဂလုပ်တာမျိုး လုပ်ပေးလို့ ရသလို စိတ်ဖိစီးလာချိန်မှာ ယောဂလုပ်ပေးတာလည်း ရပါတယ်။
တရားထိုင်ပါ - ဦးနှောက်က တွေးမရတော့ဘူးဆိုရင် ဦးနှောက်လေး ပြန်လည် လန်းဆန်းလာစေဖို့ တရားထိုင်လိုက်ပါ။ တိတ်ဆိတ်ငြိမ်သက်တဲ့နေရာလေးမှာ မိနစ် ၃၀ လောက် ဝင်လေထွက်လေမှတ်ရင်း အသက်မှန်မှန်လေး ရှူပေးပါ။
အာဟာရ ပြည့်ဝစေမှာလေး တစ်ခုခု စားလိုက်ပါ - ဦးနှောက်က တွေးမရတော့အောင် ဖြစ်နေပြီဆိုရင် အမြန်စား၊ အသင့်စား အစားအစာတွေကို စားတာမျိုး မလုပ်ပါနဲ့။ ဒီအစားအစာတွေက အာရုံစိုက်ရ ခက်စေနိုင်တာကြောင့် အုတ်ဂျုံလိုမျိုး ခန္ဓာကိုယ်ကို အင်အားပြည့်ဝစေမယ့် အစားအစာလေးတွေ သစ်သီး၊ အသီးအရွက်လေးတွေကို စားပေးပါ။
လေ့ကျင့်ခန်း လုပ်ပါ - ကိုယ်လက်လေ့ကျင့်ခန်း လုပ်တာက ဦးနှောက်ထဲကို သွေးစီးဆင်း ရောက်ရှိမှု ကောင်းစေပြီး သိမြင်မှုစွမ်းရည် ကောင်းစေသလို ဦးနှောက်ကို တွေးတောရကောင်းစေဖို့ရော ကောင်းကောင်း အိပ်ပျော်စေဖို့ပါ ထောက်ကူပေးနိုင်ပါတယ်။ ဒါကြောင့် လေ့ကျင့်ခန်းလေး လုပ်လိုက်ပါ။
မွန်မွန်